ပင်လယ်ကမ်းရိုးတန်းဒေသနေပြည်သူလူထုကရာသီဥတုပြောင်းလဲမှုနှင့်အညီလိုက်လျောညီထွေရပ်တည်နေထိုင် နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကိုစနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းစီမံကိန်း

စီမံကိန်းအမည်- ပင်လယ်ကမ်းရိုးတန်းဒေသနေပြည်သူလူထုကရာသီဥတုပြောင်းလဲမှုနှင့်အညီလိုက်လျောညီထွေရပ်တည်နေထိုင် နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကိုစနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းစီမံကိန်း  - Climate Adaptation in Coastal Communities of Myanmar: Improved Management of Mangrove Forests

စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - Grant

စီမံကိန်းဒေသ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် စစ်တွေခရိုင်၊ မြေပုံမြို့နယ် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်

အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - DANIDA ဒိန်းမတ်နိုင်ငံအစိုးရ စီမံကိန်းကာလ - ၂၀၁၈ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ(၅)နှစ် အကောင်အထည်ဖော်သည့်ဌာန - သစ်တောဦးစီးဌာန

ဆောင်ရွက်မည့်လုပ်ငန်း များ - ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒီရေ ရောက်သစ်တောကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်း နိုင်ရေး ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာန၏ စွမ်း ဆောင်ရည်မြှင့်တင်ခြင်း ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြင်ပလူမှုရေး နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၏ အကူအညီဖြင့် ကမ်းရိုးတန်းဒေသ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ အသုံးပြုသူများအဖွဲ့များ ဖွဲ့စည်းတည်ထောင်ရန်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရွေးချယ်ထားသည့်ဧရိယာများ၌ ဒီရေရောက်သစ်တော များ ပြန်လည်ထူထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ စီမံကိန်း၏ကြီးကြပ်မှုဖြင့် ဒီရေရောက်သစ်တောသယံ ဇာတများ ပျက်စီးဆုံးရှုံးမှု လျော့နည်းလာစေပြီး ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်များကို ကြံကြံခံတုံ့ပြန်နိုင်သည့် ဒေသခံပြည်သူအစုအဖွဲ့များ တိုးပွားလာစေရန် ဆောင် ရွက်ခြင်းနှင့် ဒေသတွင်း NGOs များနှင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်။

ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန၊ သစ်တောဦးစီးဌာန - ဖုန်း- ၀၆၇-၄၀၅၃၉၈