မြန်မာနိုင်ငံအတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း - Cooperation in the field of the Biodiversity Conservation in Myanmar စီမံကိန်းအမျိုးအစား (TCP/Grant/ Loan) - TCP

စီမံကိန်းအမည်- မြန်မာနိုင်ငံအတွင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း  - Cooperation in the field of the Biodiversity Conservation in Myanmar စီမံကိန်းအမျိုးအစား (TCP/Grant/ Loan) - TCP

စီမံကိန်းဒေသ - မြန်မာနိုင်ငံ

အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - အီတလီနိုင်ငံ၊ Istituto Oikos

စီမံကိန်းကာလ - ၂၆-၁-၂၀၁၇ မှ ၂၅-၁-၂၀၂၁ အထိ၊ (၄) နှစ်

အကောင်အထည် ဖော်သည့်ဌာန - သစ်တောဦးစီးဌာနနှင့် Istituto Oikos ဆောင်ရွက်မည့် လုပ်ငန်းများ -  အန္တရာယ်ကျရောက်နေသော မျိုးစိတ်များနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးအခြေအနေများကို သုံးသပ်ခြင်းနှင့် ဇီဝမျိုးစုံ မျိုးကွဲစာရင်း ကောက်ယူမှုတို့ကိုဆောင်ရွက်ခြင်း၊  ဒေသခံပြည်သူများနှင့် ဆက်စပ်ပတ်သက်သူများ ပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချရေးတို့ဆိုင်ရာ သိမြင်နိုကြားမှုများ မြင့်မားလာရန် ပတ်ဝန်းကျင်ပညာပေးအစီအစဉ်များ မြှင့်တင်ခြင်း၊  အဆင့်အတန်း ကျဆင်းနေသည့် သစ်တောများတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းကို အားပေးရန်အတွက် နည်းပညာအထောက်အပံ့၊ သင်တန်းများနှင့် နည်းလမ်းများပံ့ပိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးကို အထောက်အကူပြုသည့် ဒေသခံပြည်သူ အခြေပြုသဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု နှင့် သဘာဝနယ်မြေအတွင်းနှင့် ပြင်ပရှိဒေသခံများ၏ လူမှုဘဝ ရေရှည်တိုးတက်ဖွံ့ဖြိုးရန် ပံ့ပိုးခြင်း၊  ထိန်းသိမ်းရေးနှင့် ထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေးတို့ဆိုင်ရာနှင့် ဒေသအဆင့်မူဝါဒများ၊ မဟာဗျူဟာများနှင့် စီမံချက်များ အားပံ့ပိုးပေးခြင်း။

ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန ဖုန်း - ၀၆၇ ၄၀၅၀၀၂၊ ၄၀၅၃၉၇