မြန်မာနိုင်ငံ၊ တနင်္သာရီတောင်တန်းဒေသတွင် နယ်စပ်ဖြတ် ကျော် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှု မြှင့်တင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း

စီမံကိန်းအမည်  - မြန်မာနိုင်ငံ၊ တနင်္သာရီတောင်တန်းဒေသတွင် နယ်စပ်ဖြတ် ကျော် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှု မြှင့်တင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း  - Capacity Building for Strengthening Transboundary Biodiversity Conservation of the Tanintharyi Range in Myanmar

စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - Grant

စီမံကိန်းဒေသ - ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ဆက်စပ်လျက်ရှိသည့် တနင်္သာရီ တောင်တန်းဒေသ

အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသစ်နှင့် ပတ်သက်သော အဖွဲ့အစည်း (ITTO) စီမံကိန်းကာလ - ၁-၄-၂၀၁၈ မှ ၃၀-၃-၂၀၂၀ ထိ

အကောင်အထည်ဖော်သည့် ဌာန - သစ်တောသုတေသနဌာန၊ သစ်တောဦးစီးဌာန

ဆောင်ရွက်မည့်လုပ်ငန်းများ - တနင်္သာရီတောင်တန်းဒေသတွင် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သုတေသန လုပ် ငန်းများ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင် စေရန်အတွက် ပြည်တွင်းအဖွဲ့အစည်းများ၏ စွမ်းဆောင် ရည်ကို မြှင့်တင်ပေးခြင်း၊ တနင်္သာရီတောင်တန်းဒေသရှိ ကာကွယ်ထိန်းသိမ်းရေး နယ်မြေများတွင် နယ်စပ်ဖြတ်ကျော် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းအတွက် ဌာနများဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ကနဦး ဆောင်ရွက်ခြင်း၊ ဒေသခံအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်လာစေခြင်းကို မြှင့်တင်နိုင်ရန်နှင့် ကာကွယ်ထိန်းသိမ်းရေးနယ်မြေများအနီးရှိ သစ်တော အပေါ် မှီခိုနေသော ဒေသခံအဖွဲ့အစည်းများ၏ လူနေမှု ဘဝကို မြှင့်တင်ပေးခြင်း။

ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာန၊ သစ်တောဦးစီးဌာန ဖုန်း- ၀၆၇ - ၄၁၆၅၂၄