မြန်မာနိုင်ငံ သစ်တောပြုန်းတီးမှု အကြောင်းအရင်းများအားလေ့လာခြင်းစီမံကိန်း Understanding the drivers of deforestation in Myanmar

စီမံကိန်းအမည် - မြန်မာနိုင်ငံ သစ်တောပြုန်းတီးမှု အကြောင်းအရင်းများအားလေ့လာခြင်းစီမံကိန်း  Understanding the drivers of deforestation in Myanmar

စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - TCP

စီမံကိန်းဒေသ - စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်

အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာန (Ministry of Education, Singapore)

စီမံကိန်းကာလ - ၁/၂၀၁၈ မှ ၁၂/၂၀၁၈ ထိ

အကောင်အထည်ဖော်သည့်ဌာန - သစ်တောသုတေသနဌာန၊ သစ်တောဦးစီးဌာနနှင့် National University of Singapore (NUS)

ဆောင်ရွက်မည့်လုပ်ငန်းများ - မြန်မာနိုင်ငံတွင် အဓိက သစ်တောပြုန်းတီးမှုဖြစ်စေ သည့် အကြောင်းရင်းများအားဖော်ထုတ်ခြင်း၊ သစ်တောပြုန်းတီးမှုအကြောင်းရင်းများကို ဖြစ်ပေါ်စေ သည့် အကြောင်းတရားများအား လေ့လာခြင်း၊ စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ရွေးချယ်ဆုံးဖြတ်မှု အား လေ့လာခြင်း၊ အသေးစားနှင့် လက်လုပ်လက်စား ရွှေတူးဖော်မှုများနှင့် ၄င်းတို့ကို ဖြစ်စေသည့် အကြောင်းများအား လေ့လာ ခြင်း၊ အသေးစားနှင့်လက်လုပ်လက်စား ရွှေတူးဖော်မှုများ အား စီမံအုပ်ချုပ်မှုအား လေ့လာခြင်း၊

ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာန၊ သစ်တောဦးစီးဌာန ဖုန်း- ၀၆၇ - ၄၁၆၅၂၄