အာရှ-ပစိဖိတ် သစ်တောများ၏ ရာသီဥတုပြောင်းလဲမှုနှင့် အတူ လိုက်လျောညီထွေရှိစေခြင်း စီမံကိန်း - Research Collaboration on Adaptation of Asia-Pacific Forests to Climate Change

စီမံကိန်းအမည် - အာရှ-ပစိဖိတ် သစ်တောများ၏ ရာသီဥတုပြောင်းလဲမှုနှင့် အတူ လိုက်လျောညီထွေရှိစေခြင်း စီမံကိန်း  - Research Collaboration on Adaptation of Asia-Pacific Forests to Climate Change

စီမံကိန်းအမျိုးအစား (TCP/Grant/Loan) - TCP

စီမံကိန်းဒေသ - ပဲခူးတိုင်းဒေသကြီး

အထောက်အပံ့ပေးသည့် အဖွဲ့အစည်း - University of British Columbia (UBC)

စီမံကိန်းကာလ - ၈/၂၀၁၇ မှ ၁/၂၀၁၉ ထိ အကောင်အထည် ဖော်သည့်ဌာန - သစ်တောသုတေသနဌာန၊ သစ်တောဦးစီးဌာနနှင့် University of British Columbia (UBC)

ဆောင်ရွက်မည့်လုပ်ငန်းများ -  ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အတွင်းရှိ ကျွန်းစိုက်ခင်းများအပေါ် ရာသီဥတုပြောင်းလဲမှု များ၏ အကျိုးသက်ရောက်မှုကို လေ့လာခြင်း၊  မြန်မာနိုင်ငံ၏ သစ်တောဧရိယာအားလုံးအတွက် မတူညီ သော ဂေဟစနစ်များ၏ ပျံ့နှံ့တည်ရှိမှုနှင့် ပထဝီအနေ အထား ဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာခြင်း၊  လုပ်ငန်းစဉ်များကို အခြေခံသော နည်းစနစ်များကို အသုံးပြုရာတွင် လိုအပ်သောအချက်အလက်များ (အပင် အမြင့် ကြီးထွားမှု၊ သစ်တောသယံဇာတ ကောက်ယူခြင်း ဆိုင်ရာအချက်အလက်များ၊ ရာသီဥတုဆိုင်ရာ အချက် အလက်များ၊ ဇီဝဒြပ်ထုများ၏ တိုးပွားနှုန်း၊ မြေဆီလွှာ ဆိုင်ရာအချက်အလက်များနှင့် သစ်မျိုးများ၏ အချက် အလက်များ)ကို စုဆောင်းဖလှယ်ခြင်း၊ အခြေခံမူများနှင့် အလားအလာရှိသော လိုက်လျောညီထွေ ရှိစေရေး စီမံအုပ်ချုပ်မှု နည်းဗျူဟာများ ချမှတ်နိုင်ရန် အကြံဉာဏ်များနှင့် အချက်အလက်များ ဖလှယ်ခြင်း၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အခြားပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ခြင်း၊ သုတေသနတွေ့ရှိချက်များအား စာအုပ်စာတမ်းများ ထုတ်ဝေ ခြင်း၊

ဆက်သွယ်ရန်ပုဂ္ဂိုလ် - ညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာန၊ သစ်တောဦးစီးဌာန ဖုန်း- ၀၆၇ - ၄၁၆၅၂၄