သီရိမင်္ဂလာကျေးရွာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် နေပြည်တော်ကောင်စီမှ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပိုင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ မေးမြန်

ဒုတိယအကြိမ် ပြည်သူ့လှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် သီရိမင်္ဂလာကျေးရွာနှင့် သဲဖြူကျေးရွာတို့အား ပြည်ထဲရေးအမည်ပေါက် ကျေးရွာများအဖြစ် သတ်မှတ်ပေးရန် အစီအစဥ်ရှိ/မရှိ ကြယ်ပွင့်မပြမေးခွန်းကို မေးမြန်းခဲ့ပါသည်။ သီရိမင်္ဂလာကျေးရွာနှင့် စပ်လျဥ်း၍ နေပြည်တော် ကောင်စီမှ ပြန်လည်ဖြေကြားရာ သီရိမင်္ဂလာကျေးရွာသည် ပလွေးသစ်တောကြိုးဝိုင်း အကွက်အမှတ် (၂၊ ၃) အတွင်း၌ လွန်ခဲ့သော ၁၀ နှစ်ခန့်က စတင်နေထိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် အိမ်ခြေ ၅၀ နှင့် အထက်၊ အောက်ကျေးရွာများအား သစ်တောမြေမှ ပယ်ဖျက်နိုင်ရေး စာရင်းကောက်ယူရာတွင် ပါဝင်ခဲ့ကြောင်း၊ စာရင်းကောက်နေဆဲ ကာလတွင် မူလနေထိုင်သည့် ဦးရေထက် ပိုမို၍ ကျူးကျော်နေထိုင်ရန် ဆောင်ရွက်လာသည့်အတွက် စာရင်းကောက်လုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည့် ကျေးရွာဖြစ်ကြောင်း၊ ထိုအချိန်က ကျူးကျော်နေထိုင်သူ ၂၄၆ ဦးရှိပါကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တရားစွဲဆိုခဲ့ရာ တရားရုံးမှတစ်ဦးလှင် ဒဏ်ငွေ ၅၀၀၀ ကျပ်စီ တပ်ရိုက်ခဲ့ကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနပိုင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးမှသာ ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ သီရိမင်္ဂလာကျေးရွာသည် သရက်ဇုန်စီမံကိန်းအတွင်း ပါဝင်နေပြီး သရက်ဇုန်စီမံကိန်း မြေများအား သစ်တောမြေအဖြစ်မှ ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုအချိန်က လုပ်ပိုင်ခွင့်ရသူ တစ်ဦးတစ်ယောက် မြေလက်ဝယ်ရယူရန် ခက်ခဲနေသည့်အတွက် သစ်တောဦးစီးဌာနမှ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားစွဲခံရသူတချို့က ပြောကြပါသည််။ ကျေးရွာမြေ တစ်ခြမ်းတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများဖြစ်နေပြီး ၎င်းမြေပေါ်တွင်ရှိသည့် ကျူးကျော်အိမ်ထောင်စုများအား တရားစွဲဆိုခံရမှုမရှိဘဲ သစ်တောကျူးကျော် အိမ်ထောင်စုများကိုသာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါကြောင်း၊ သီရိမင်္ဂလာကျေးရွာတွင် ဒေသခံ ၁၇၅ ဦး၊ ဝန်ထမ်း ၇၅ အိမ်ထောင်စု၊ အငြိမ်းစားဝန်ထမ်း ၁၅ အိမ်ထောင်စု၊ ရှေ့ပြောင်းလုပ်သား အိမ်ထောင်စု ၁၈၄ စုစုပေါင်းအိမ်ခြေ ၄၄၉ အိမ်နှင့် လူဦးရေ ၁၆၁၈ ဦး နေထိုင်ကြောင်း ရပ်ရွာအကြီးအမှူးများထံမှ သိရှိရပြီး ကျူးကျော်မှုများ နိုင်ငံတော်ပိုင်မြေများအား အကွက်ရိုက်ရောင်းစား နေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် တစ်စုံတစ်ရာ ဆုံးဖြတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သီရိမင်္ဂလာကျေးရွာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် နေပြည်တော်ကောင်စီမှ ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပိုင် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဥ်ရှိ/မရှိ၊ နိုင်ငံတော်ပိုင်မြေများအား အကွက်ရိုက်ရောင်းစား နေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်သူ့လှတ်တော် ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် နေပြည်တော်ကောင်စီအတွင်းရှိ သီရိမင်္ဂလာကျေးရွာနှင့်ပတ်သက်ပြီး (က) အဆိုပါမြေဧရိယာ ၄၈ ဧကသည် ပလွေးကြိုးဝိုင်း၊ အကွက်အမှတ် (၂၊ ၃) အတွင်း ကျရောက်နေပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် နေပြည်တော်မြို့ပတ် (V-4) လမ်းတို့အကြား တည်ရှိပါကြောင်း၊ (ခ) အဆိုပါ ဧရိယာအတွင်း အဆောက်အဦ ဆောက်လုပ်ထားခြင်းမရှိသည့် ခြံစည်းရိုးကာရံထားသော ခြံလွတ် ၂၈ ကွက်နှင့် ဆောက်လုပ်ပြီး တဲ/အိမ် ၄၄၆ လုံး တွေ့ရှိရပြီး ၂၀၁၄ ခုနှစ်တွင် နေ့ညချက်ချင်း ကျူးကျော်တဲနှင့် အိမ်များဆောက်လုပ် နေထိုင်ကြသည့်အတွက် ကြိုးဝိုင်းကျူးကျော်စာရင်း ကောက်ယူမှုကို ရပ်ဆိုင်း ထားခဲ့ရသည့် မြေနေရာဖြစ်ပါကြောင်း၊ (ဂ) အဆိုပါဧရိယာအတွင်း နေထိုင်သူများသည် ၂၀၁၃ ခုနှစ် နိုင်ငံတော်သမ္မတ၏ လမ်းညှန်မှုဖြင့် စာရင်းကောက်ယူနေစဥ် ရှေခဲအင်းကျေးရွာ၊ ကျောက်ခဲအင်း ကျေးရွာ၊ ကျဲတဲကျေးရွာတို့မှ ရှေ့ပြောင်းရောက်ရှိ လာကြသူများ ဖြစ်ကြပါကြောင်း၊ (ဃ) နေပြည်တော် တည်ဆောက်ရေး ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာသည့် အလုပ်သမားများ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းကြောင့် ၂၀၁၃ ခုနှစ် ကြိုးဝိုင်းကျူးကျော်စာရင်း ကောက်ယူမှု ရပ်ဆိုင်းခဲ့ရပြီး အဆိုပါ ကျူးကျော်သူ ၂၄၆ ဦးအား သစ်တောဥပဒေပုဒ်မ ၄၀ (က) ဖြင့် တရားစွဲဆို ဆောင်ရွက်ခဲ့ရသည့် မြေနေရာဖြစ်ပါကြောင်း၊သီရိမင်္ဂလာကျေးရွာ စုစည်းနေရာချထားပေးရန် လှောက်ထားသည့် မြေနေရာသည် သစ်တောမြေ အတွင်းကျရောက်ပြီး ၂၀၁၃ ခုနှစ် ချက်ချင်းကျူးကျော်ဝင်ရောက်နေထိုင်ကြတဲ့အတွက် ကြိုးဝိုင်း ကျူးကျော်စာရင်း ကောက်ယူမှုရပ်နားထားရသော မြေနေရာဖြစ်ခြင်း၊ ၂၀၁၃ ခုနှစ် ကြိုးဝိုင်းကျူးကျော် စာရင်းအရ အဆိုပါ သီရိမင်္ဂလာကျေးရွာ ပါဝင်မှုမရှိခြင်း၊ လမ်းမကြီးနှစ်ခုကြား မဟာဗျူဟာကျသော နေရာဖြစ်သည့်အတွက် မသမာသူတို့၏ တရားမဝင်အိမ်ခြံမြေ ရောင်းဝယ်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ထပ်မံကျူးကျော်၍ အခွင့်အရေးများ တောင်းဆိုလာနိုင်ခြင်းတို့ကြောင့် သစ်တောမြေအဖြစ်က ပယ်ဖျက်ခွင့်ပြုမည် မဟုတ်ပါကြောင်းနှင့် သစ်တောမြေအတွင်း ကျူးကျော်ဝင်ရောက်သူများအား ယခင်သစ်တော ဥပဒေပုဒ်မ ၄၀ (က) နှင့် (ဂ) တို့အရ ဒဏ်ငွေ ၅၀၀၀ ကျပ်ဖြစ်စေ၊ ထောင်ဒဏ် ၆ လ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရန် ပြစ်ဒဏ်ချမှတ်နိုင်သော်လည်း ကြိုးဝိုင်းအတွင်း ကျူးကျော်မှုများကို ဖော်ထုတ်ရန် ဥပဒေ၏အားနည်းချက် ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၄၀ (ခ) ၌ ကြိုးဝိုင်းအတွင်းမှ ရက် ၃၀ အတွင်း ဖယ်ရှားရန်ပြဋ္ဌာန်း ပါရှိသဖြင့် သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ပြည်သူ့လှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မေးခွန်းနှင့်စပ်လျဥ်းပြီး အထက်ပါ စစ်ဆေးတွေ့ရှိချက်များအရ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဥ်မရှိသေးပါကြောင်းနှင့် နိုင်ငံတော်ပိုင်မြေများကို အကွက်ရိုက်ရောင်းစားနေမှု မရှိစေရန်အတွက် လက်ရှိကျူးကျော်မှုများအား တရားစွဲဆိုဖယ်ရှား ရှင်းလင်းခြင်း၊ အများပြည်သူသိရှိနိုင်ရန်အတွက် သတိပေးတားမြစ် ဆိုင်းဘုတ်များစိုက်ထူခြင်း၊ ပတ်ဝန်းကျင်ကျေးရွာများသို့ သတိပေးစာထုတ်ပြန် အသိပေးခြင်းနှင့် ကွင်းဆင်းဟောပြောမှုများ ပြုလုပ်ခြင်း၊ တာဝန်ကျဝန်ထမ်းများမှ အမြဲမပြတ်လှည့်လည် စစ်ဆေး၍ ထပ်မံကျူးကျော်သူများကို သစ်တောဥပဒေအရ တစ်အိမ်ကျူး တစ်အိမ်တရားစွဲဆိုခြင်းစသဖြင့် ဟန့်တားအရေး ယူဆောင်ရွက်ပြီး နိုင်ငံတော်ပိုင်မြေများကို အကွက်ရိုက်ရောင်းစားနေမှုများအား ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးသန့်ဇင်ထွန်း (ဒက္ခိဏသီရိမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အမှန်တကယ် မြေပြင်တွင် သာသနာပိုင်အဆောက်အဦများ၊ ဘုရား/စေတီပုထိုးများ၊ အိမ်ထောင်စု၊ အိမ်ခြေများနှင့် တကယ်တမ်း ဖယ်ရှားရှင်းလင်းရန် အင်မတန်ခက်ခဲသည့် အခြေအနေ ရှိနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူ့လှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးက ၎င်းမဲရရှိရန်အတွက် သီရိမင်္ဂလာရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ကျေးရွာအမည်နှင့် အိမ်ထောင်စုစာရင်းပါဗွီနိုင်းကို ရွာထိပ်တွင်စိုက်ထူ၍ မဲဆွယ်စည်းရုံးခဲ့ပါကြောင်း၊ သထုံမဲဆန္ဒနယ် ဒေါ်မာမာခိုင်၏ မြို့ရွာစီမံချက်ကို စနစ်တကျ အမြန်ဆုံးချမှတ် ဆောင်ရွက်ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကိုလည်း ပြည်သူ့လှတ်တော်ကြီးက အတည်ပြုပြီးဖြစ်ပါကြောင်း၊ မြို့/ရပ်ကွက်၊ ကျေးရွာစီမံချက်များ ဖော်ထုတ်ပေးခြင်းနှင့် တရားဝင်နေထိုင်ခွင့် ပြုခြင်းတို့သည် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ထောင်စုများနှင့် ၎င်းတို့၏ဝင်ငွေ စသည်တို့ကို ဖွံ့ဖြိုးတိုးတက်စေပါကြောင်း၊ လူသားတို့၏ကြိုးစား ရုန်းကန်လှုပ်ရှားမှုများနှင့် ရင်းနှီးမှုပ်နှံမှုများကြောင့် မြို့/ကျေးရွာများ ပေါ်ပေါက်လာကြခြင်း ဖြစ်ပါကြောင်း၊ လူသားတို့ဆောင်ရွက်ချက်များကြောင့် ပေါ်ပေါက်လာသည့် မြို့/ကျေးရွာများရှိ နိုင်ငံသားများကို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန် နိုင်ငံတော်အစိုးရက ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံသားအခွင့်အရေးများကို ပိုမိုမှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သရက်ဇုန်စီမံကိန်းအဖြစ် လူနည်းစုအတွက် ဧကထောင်ပေါင်းများစွာကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးခြင်းနှင့် လူဦးရေထောင်ချီနေထိုင်ဖို့ ဧက ၁၀ ဂဏန်းခန့်ကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်မပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (င) ပါ နိုင်ငံတော်၌ တရားမှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမှခြင်း တည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး ဟူသော ပြဋ္ဌာန်းချက်နှင့်ညီညွတ် ခြင်းရှိ/မရှိ၊ မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေး၍ နေပြည်တော်ကောင်စီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် အစီအစဥ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်း၊ ဥပဒေများ၊ နည်းဥပဒေများက အသီးသီးဖြစ်ပေါ်သည့်အတွက် မိမိတို့သစ်တောကဏ္ဍ အနေဖြင့် သစ်တောလုပ်ထုံး လုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ဧရိယာသည် အမှန်တကယ် နေပြည်တော်ကောင်စီ ဧရိယာနယ်နိမိတ် ထဲတွင်လည်း ကျရောက်နေခြင်း၊ နောက်ပြီး သစ်တောဧရိယာအပြင် အနီးအနားရှိသည့် တချို့မြေလွတ်၊ မြေရိုင်းများနှင့်လည်း ဆက်စပ်နေခြင်းစသည့် အကြောင်းများကြောင့် အဆိုပါ လှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းလာသည့် ဆက်စပ်မေးခွန်းဆိုလျင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့် ပြန်လည်ပြီး ဖြေရှင်းရန် မလုံလောက်သည့်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီတို့၊ နေပြည်တော်ကောင်စီတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြီးမှသာလှင် မည်ကဲ့သို့ဆက်လက်ဆောင်ရွက် သင့်သည်ဆိုသည့်အဖြေကို ရရှိမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ
သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး