၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းလျာထားချက်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် ဒေသခံ တို့၏ ဘဝမြှင့်တင်ပေးနိုင်ရန်နှင့် ရေရှည်တည်တံ့၍ ဆီလျော်မှန်ကန်သည့် ဒေသခံပြည်သူ အခြေပြုသည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် သစ်တောဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူ ပြုနိုင်ရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (၂၀၂၅ ခုနှစ် မိုးရာသီ)တွင် အသုံးပြုသူအဖွဲ့ဝင်ဦးရေ (၁၇၃၄)ဦး၊ အဖွဲ့ပေါင်း (၅၁)ဖွဲ့ဖြင့် စုစုပေါင်း ဧရိယာ(၁၄,၉၈၆.၇၂)ဧကကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းစဉ် (၁၀) ရပ်ဖြင့် တည်ထောင်ဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက်ခွင့်လက်မှတ်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။