သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ကျပ် ၂၁၆ဝဝဝ-၂၀၀၀-၂၂၆ဝဝဝ) တောအုပ်ကြီးရာထူး (၄၆)နေရာနှင့် သုတေသနလက်ထောက်ရာထူး (၂)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

အကြောင်းအရာ: 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ကျပ် ၂၁၆ဝဝဝ-၂၀၀၀-၂၂၆ဝဝဝ) တောအုပ်ကြီးရာထူး (၄၆)နေရာ နှင့် သုတေသနလက်ထောက်-၂ ရာထူး (၂)နေရာတို့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် လိုပါက ပူးတွဲပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ administrationfd@forest.gov.mm/ forestadmdev@gmail.com သို့ Online မှဖြစ်စေ ၁၅-၁ဝ-၂ဝ၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
လျှောက်လွှာပိတ်မည့်ရက်: 
Wednesday, October 15, 2025 - 19:30
ဆက်သွယ်ရန်လိပ်စာ: 
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲ၊ administrationfd@forest.gov.mm/ forestadmdev@gmail.com