ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ စိမ့်တောကျေးရွာတွင် နေထိုင်သူများသည် မိမိတို့၏နေအိမ်တွင် စိုက်ပျိုးထားသော သစ်များနှင့် ရေ၌မျောပါလာသော သစ်များကို

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ စိမ့်တောကျေးရွာတွင် နေထိုင်သူများသည် မိမိတို့၏နေအိမ်တွင် စိုက်ပျိုးထားသော သစ်များနှင့် ရေ၌မျောပါလာသော သစ်များကို အသုံးပြုနေကြပြီး ယခုအခါ သစ်တောရေးရာဝန်ကြီးဌာနမှ ထိုသို့အသုံးပြုနေသည့် သစ်များကို ဖမ်းဆီးသည့်အပြင် ဘုန်းတော်ကြီးကျောင်းရှိ သစ်များကိုပါ သိမ်းဆည်းနေပါသဖြင့် မိမိတို့သည် မည်သည့် သစ်များကို အသုံးပြုရမည်ကို သိရှိလို၍ အကြံပြုတင်ပြခြင်းအား ဆောင်ရွက်ထားရှိမှု အခြေ အနေ

  • ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိန်တုံးကျေးရွာမှ ဒေသခံ ပြည်သူတို့၏ သတင်းပေးတိုင်ကြားချက်အရ (--၂၀၁၃)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ရာ ဦးဝင်းဇော်၏ နေအိမ်ခြံဝန်းအတွင်း တရားမဝင်သစ်စက်နှင့် တရား မဝင်အခြား သစ်လုံး()လုံး၊ အခြားသစ်ခွဲခြမ်း()ခြမ်း၊ အခြားတိုင်() လုံး၊ အခြား သစ်ခွဲသား()ချောင်း၊ စုစုပေါင်း (.၉၂၃၄)တန် ဖမ်းဆီးရမိခဲ့ခြင်းနှင့် (၂၁--၂၀၁၃) ရက်နေ့တွင် ထပ်မံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ တရားမဝင်သစ်စက် လည်ပတ် ခွဲစိတ်နေကြောင်း စစ်ဆေးတွေ့ရှိရပြီး တရားမဝင်သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ တရားမဝင်အခြား သစ်လုံး ()လုံး (.၁၂၄၀)တန်ကို သစ်တောဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ပံတန်းမြို့နယ်၊ တရားရုံး၌ အမှုဖွင့် တရားစွဲ ဆိုခဲ့ပါသည်။

  • အထက်ပါဆောင်ရွက်ချက်များသည် သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် တည်ဆဲသစ်တောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ တရားမဝင်သစ်များအား ခွင့်ပြုချက်မရှိဘဲ သစ်စက်တည်ထောင်ခွဲစိတ်ခြင်းကို အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါသည်။ တရားမဝင်သစ်စက်လည်ပတ်လျက်ရှိ သော နေအိမ်ခြံဝင်းအတွင်း၌သာ တရားမဝင်သစ်စက်နှင့် သစ်များ အရေးယူသိမ်းဆည်း ခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း သစ်များကို သိမ်းဆည်းခြင်းမဟုတ် ပါကြောင်း တင်ပြအပ်ပါသည်။

  • ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် နှစ်စဉ်စီမံကိန်း လျာထားချက်များ ရေးဆွဲချမှတ်၍ ထင်း၊ မီးသွေး၊ တိုင်၊ မျော များကို ထုတ်လုပ်ခွင့်ပြုလျက်ရှိပါသည်။ ထို့အပြင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စည်းကမ်းတကျ ခွင့်ပြုထားသော သစ်စက်၊ ပြန်လည် ခွဲစိတ်စက်နှင့် သစ်အရောင်းဆိုင်များမှလည်း လိုအပ်သော သစ်များကို ဝယ်ယူသုံးစွဲ နိုင်ပါသည်။

  • ထို့အပြင်ကျေးလက်နေပြည်သူများ၏ သစ်၊ တိုင်၊ မျော၊ လောင်စာ လိုအပ်ချက်များကို မိမိတို့အိမ်ခြံဝန်းကျင် လက်တစ်ကမ်းတွင် အလွယ်တကူရရှိစေရန်နှင့် အခြေခံလိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန် ရှေရှည်အကျိုးကို မျှော်ကိုးလျက် ပြည်သူလူထုပူးပေါင်းပါဝင်သော ကျေးလက်အိမ်ယာစိုက်ခင်းများအဖြစ် တစ်ရွာတစ်ဧက စိုက်ခင်းများ၊ တစ်အိမ်ထောင် ကျွန်း()ပင်၊ သစ်မာအပင်(၂၀) စိုက်ပျိုးခြင်းများ၊ လူ တစ်ဦး ကျွန်းတစ်ပင်စိုက်ပျိုးခြင်းများကို နှစ်စဉ်စီမံချက်ဖြင့် စည်းရုံးစိုက်ပျိုးလျက် ရှိပြီး အချိန်ကျရောက်သည့်အခါ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ထုတ်ယူသုံးစွဲ နိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။