ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ AEON Environmental Foundation တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပခဲ့

မြန်မာ-ဂျပန်ချစ်ကြည်ရေးအတွက် ရည်ရွယ်၍ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ AEON Environmental Foundation တိုးပူးပေါင်း၍ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို တိုက်ကြီးမြို့နယ်၊ တောင်လှိုင်ရိုးမသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၁၂)နှင့် (၁၃)အတွင်း ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သစ်ပင်ပေါင်း (၆၀၀၀) (၁၁)ဧက စိုက်ပျိုးနိုင်ခဲ့၊ ဒုတိယအကြိမ်ကိုလည်း ပထမအကြိမ်ကျင်းပခဲ့သည့်နေရာနှင့် တစ်ဆက်တည်းရှိ မြေဧရိယာ (၁၅)ဧကပေါ်တွင် သစ်ပင်ပေါင်း (၈၀၀၀)အား ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၂၀)ရက် နေ့တွင် စိုက်ပျိုခဲ့၊ ယခု တတိယအကြိမ်သစ်ပင်စိုက်ပွဲအား ယခင်စိုက်ပျိုးခဲ့သည့် နေရာနှင့် တစ်ဆက်တည်းရှိ မြေဧရိယာ (၂၀)ဧကပေါ်တွင် သစ်ပင်ပေါင်း (၁၀၀၀၀) အား ၂၀၁၅ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် စိုက်ပျိုးခဲ့ပါသည်။ ဂျပန်နိုင်ငံ AEON Environmental Foundation အနေဖြင့် နောင်လာမည့် (၃)နှစ်ဆက်တိုက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ သစ်ပင်များ စိုက်ပျိုးလှူဒါန်းခြင်းကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။