နေပြည်တော်ကောင်စီနယ်မြေနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ ပိတောက်သစ်/ ပိတောက်ဓါးရွှေ ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း( ၆၁.၇၅၇၂ တန်၊ သစ်မာ ၆၈.၆၁၈၅ တန်၊ အခြား ၁၂၀.၆၄၅၉ တန်၊ စုစုပေါင်း ၂၅၁.၀၂၁၆ တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ယန္တရား(၃၅)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၀-၂၀၁၈ ရက်နေ့၌ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ (ဂ)ဘိနယ်၊ ဝမ်ဆားဝါးကြိုးပြင် တော မိုင်းပန်မှ နောင်လွန်းရွာသွားကားလမ်း (၇)မိုင် (၂)ဖာလုံခန့်အနီးတွင် တရား မဝင် ပိတောက်သစ်(၂၀)လုံး ၇.၉၅၃၀ တန်၊ ပိတောက်ဓါးရွေ (၁၂၅)တုံး  ၂၅.၁၅၅၅ တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, October 11, 2018 - 12:30