နေပြည်တော်ကောင်စီနယ်မြေနှင့် မွန်ပြည်နယ်တို့အတွင်း တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ ပိတောက်ခွဲသား ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၆၀.၅၉၀၀)တန်၊ သစ်မာ(၉၇.၁၆၁၆)တန်၊ အခြား(၇၃.၂၄၂၂)တန်၊ စုစုပေါင်း(၂၃၀.၉၉၃၈)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ ယန္တရား(၂၉)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊

        ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၁၀-၂၀၁၈ ရက်နေ့၌ မောရဝတီ ရေတပ်စခန်းဌာနချုပ်၊ အကူရေယာဉ်အုပ်ကွပ်ကဲမှုအောက်ရှိ မိကျောင်းရေယာဉ်(၀၀၁)မှ တပ်ကြပ်ကြီး မျိုးထိုက်ဦး ဦးစီးပါ(၅)ဦးအဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြတောင်အနီးတွင် တရားမဝင် ပိတောက်ခွဲသား/အခြားခွဲသား ခန့်မှန်း(၅၀)တန်ခန့် တင်ဆောင်ထားသည့် မှောင်ခိုစက်လှေ(အောင်မျိုးဝင်း) (၁)စီး အား တရားခံ(၁၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါကြောင်း။

 

date: 
Wednesday, October 17, 2018 - 09:30