သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကို ပြန်လည် အစားထိုးပေးလျော်နိုင်ရန် ဇီဝမျိုးစုံ မျိုးကွဲမျှခြေ လုပ်ငန်းစီမံချက်(BOMP)အား ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည့် စာလွှာ Letter of Intent - LoI လက်မှတ်ရေးထိုးခြင်း

သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကို ပြန်လည် အစားထိုးပေးလျော်နိုင်ရန် ဇီဝမျိုးစုံ မျိုးကွဲမျှခြေ လုပ်ငန်းစီမံချက်(BOMP)အား ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည့်စာလွှာ(Letter of Intent-LoI)လက်မှတ်ရေးထိုးခြင်းကို ၃-၁၂-၂၀၁၈ ရက်နေ့၊ ညနေ(၆)နာရီအချိန်၌ ပိတောက်ခန်းမ၊ Park Royal ဟိုတယ်၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

အမှာစကားပြောကြားရာတွင် ရွှေတောင်ကုမ္ပဏီမှ ဆောင်ရွက်နေသည့် ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် ကျောက်မီးသွေးထုတ်လုပ်ခြင်းတို့အတွက် ရေးဆွဲထားသည့် ပတ်ဝန်းကျင်ထိခိုက်မှု  ဆန်းစစ်ခြင်းအစီရင်ခံစာ (ESIA) အရ သယံဇာတထုတ်လုပ်မှုကြောင့် ဆုံးရှုံးသွားသည့် ဇီဝမျိုးစုံ မျိုးကွဲများအပေါ် ပြန်လည်အစားထိုးလုပ်ငန်းကို သစ်တောဦးစီးဌာနနှင့် ရွှေတောင်ဘိလပ်မြေ ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် သဘောတူညီချက်တစ်ခုကို လေ့လာပူးပေါင်းပြုစုနိုင်ရန် ဖြစ်ပါကြောင်း၊

သစ်တောဦးစီးဌာနသည် နိုင်ငံတွင်ရှိသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်း သိမ်းကာကွယ်စောင့်ရှောက်ရေး တာဝန်ယူထားရသည့် ဌာနဖြစ်ပါကြောင်း၊ ဂေဟစနစ်များ၊ ဇီဝ မျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ခြင်းကို ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာ ဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်း၍ စီမံအုပ်ချုပ်ခြင်း၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ် ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များထိန်းသိမ်းရာတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းပါဝင်ခြင်း သည် အလွန်လိုအပ်လျက်ရှိပါကြောင်း၊ အထူးသဖြင့် သယံဇာတများကိုအခြေခံသည့် စီးပွားရေး လုပ်ငန်းများသည် ၄င်းတို့၏ လုပ်ငန်းများ ရေရှည်တည်တံ့ရန်၊ နိုင်ငံတကာစံနှုန်းများနှင့် အသိ အမှတ်ပြုခံရန်နှင့် တာဝန်ရှိသည့် စီးပွားရေးလုပ်ငန်း (Responsible Business) ဖြစ်ရန်အတွက် ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်များ၏  တန်ဖိုးများကို အလေးထားပြီး ထိန်းသိမ်းကာကွယ်ရာတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ရေးထိုးမည့် LoI အရ သစ်တောဦးစီးဌာနနှင့် ရွှေတောင်ဘိလပ်မြေ ကုမ္ပဏီတို့သည် ပန်းလောင်နှင့် ပြဒါးလင်းဂူဘေးမဲ့တောနှင့် အဆိုပြု မဟာမြိုင်ဘေးမဲ့တောမှာ စီးပွားရေးနှင့် ဇီဝမျိုးစုံမျိုးကွဲမျှခြေ အစီအစဉ် (Business & Biodiversity Offest Programme- BBOP) ကို နှစ်ဘက်ပူးပေါင်း ဆောင်ရွက်ရန် လက်မှတ်ရေးထိုးမည့် သဘောတူညီချက်(မူကြမ်း)ကို ပူးပေါင်း ပြုစုသွားမည်ဖြစ်ပါကြောင်း၊

သစ်တောဦးစီးဌာနနှင့် ရွှေတောင်ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်မည့် ထိန်းသိမ်းရေးလုပ် ငန်းကို အစပြုပြီး ဂေဟစနစ်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ မှ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာရန် မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

            အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အရာရှိ ကြီးများ၊  ရွှေတောင်ကုမ္ပဏီမှ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

           

 

date: 
Tuesday, December 4, 2018 - 16:15