စဉ့်ကူးမြို့နယ်၊ ဆည်တော်ကြီးရေဆိပ်တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉.၂.၂၀၁၉ ရက်နေ့တွင် ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ ဆည်တော်ကြီးရေဆိပ်၊ အောက်မတ္တရာတိုးချဲ့ ကြိုးဝိုင်းအတွင်းမှ တရားမဝင်ပျဉ်းကတိုး/ကညင်/အင် သစ်လုံး/ခွဲခြမ်း (၅၄)လုံး/ခြမ်း (၁၇.၈၉၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 22, 2019 - 10:30