ဂေဟစနစ်အခြေခံသည့် သစ်တောများ ရေရှည်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ

ဂေဟစနစ်အခြေခံသည့် သစ်တောများ ရေရှည်တည်တံ့ရေးအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းရေး ဆွဲခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၁-၂-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ CFDTC၊မှော်ဘီမြို့တွင်ကျင်းပရာသစ်တောဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် FAO တို့ ပူးပေါင်းပြီး “ Sustainable Cropland and Forest Management in Priority Agro – ecosyatems of Myanmar ”စီမံကိန်းကို ၂၀၁၆ ခုနှစ်မှစ၍ (၅)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤစီမံကိန်းတွင် သစ်တောနှင့် စိုက်ခင်းရေးရာ မူဝါဒ၊ ဥပဒေ၊ အဖွဲ့အစည်းများ အားကောင်းစေရေးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ FAO နှင့်ပူးပေါင်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ရေရှည်တည်တံ့သည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် သရုပ်ပြ သစ်တောများ တည်ထောင်ခြင်းကို သစ်တောဦးစီးဌာနမှ FAO နှင့် ပူးပေါင်း ဆောင်ရွက်နေပါ ကြောင်း၊
ယနေ့ကျင်းပသည့် သင်တန်းသည် သစ်တောဦးစီးဌာနနှင့် FAO တို့ ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ဂေဟစနစ်အခြေခံ သည့် ရေရှည်တည်တံ့သော သစ်တောအုပ်ချပ်လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လက်စွဲနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လက်စွဲများပြုစုပြီး ၊ ၄င်းလက်စွဲများနှင့်အညီ ကနဦးအနေဖြင့် ရှေ့ပြေးစီမံကိန်း (၃)ခု၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ပါ ကြောင်း၊
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများရေရှည်တည်တံ့စေရေးအတွက် ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ၁၉၉၆- ၉၇ ခုနှစ်မှစတင်၍ (၁၀) နှစ် စီမံကိန်းများ ရေးဆွဲ လျက် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ခရိုင်(၆၈) ခရိုင်အတွက် ၂၀၁၆-၁၇ မှ ၂၀၂၅- ၂၆ ခုနှစ်အထိ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ရေးဆွဲထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
စီမံကိန်းများရေးဆွဲရာတွင် သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သစ်တောအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အခြေခံပြီး သစ်တောများ၊ လူမှု စီးပွားရေးနှင့် သစ်တောအခြေခံစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးစေရေး၊ သဘာဝဝန်းကျင်နှင့် ဂေဟ စနစ်တည်ငြိမ်မျှတစေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ထိန်းသိမ်း ရေးတို့ကို ရည်မှန်းချက်များ ဦးတည်ထားရှိခြင်းဖြစ်ပါကြောင်း၊
ထို့ကြောင့် FAO MoNREC နှင့် MoALI တို့က လက်ရှိအကောင်အထည်ဖော်လျက်ရှိ သည့် “ Sustainable Croplant and Forest Management in Priority Agro- ecosystems of Myanmar ”စီမံကိန်းမှ မတူညီသည့် ဂေဟစနစ်(၃) ခုကို ကိုယ်စားပြုသော ခရိုင်(၃)ခုအတွက် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ဂေဟစနစ်အခြေခံသည့် အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းအဖြစ် ပြန်လည်ရေးဆွဲရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း ပြန်လည်ပြင်ဆင်ရေးဆွဲရန် ရွေးချယ်ထားသည့် ဒေသများမှာ မြန်မာနိုင်ငံရှိ မြစ်ဝကျွန်းပေါ်ဒေသ ၊ အပူပိုင်းဒေသနှင့် တောင်ပေါ်ဒေသဟူ၍ အဓိကကွဲပြားသည့် ဂေဟစနစ်များကို ကိုယ်စားပြုသော မင်းတပ်ခရိုင်၊ မြင်းခြံခရိုင်နှင့် မြောင်းမြခရိုင်တို့ ဖြစ်ပါ ကြောင်း၊ ထိုခရိုင်များ၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများကို ဂေဟစနစ်ကို အခြေခံသည့် သစ်တော အုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများအဖြစ် နမူနာရေးဆွဲ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊
စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လက်စွဲနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ လက်စွဲ Format များအပေါ် ဆွေးနွေးအကြံပြုသည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ၊ ဇွန်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ လက်စွဲများအပေါ် ကျွမ်းကျင်သူများ၏ ဆွေးနွေးသုံးသပ်ခြင်း ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇/၁၈ ရက်နေ့များတွင် လည်းကောင်း ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ပြီး ကျွမ်းကျင်သူများ၏ အကြံပြုချက်များလည်း ရယူခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု သင်တန်းသို့ တက်ရောက်လာကြသူများမှလည်း ဂရုပြုလေ့လာမှတ်သားရန် ၊ မရှင်းလင်းသည်များ ရှိပါက အကျေအလည် မေးမြန်းရန်လိုပါကြောင်း၊ သို့မှသာ မိမိသို့ သက်ဆိုင်ရာ ခရိုင်/ မြို့နယ်များ သို့ ပြန်ရောက်သည့်အခါ ကိုယ်တိုင်စီမံကိန်းပြုစုရေးဆွဲရာတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ ဒေါက်တာကျော်တင့် နှင့်တကွ ဖိတ်ကြားထားသော ညွှန်ကြားရေးမှူး/ ဒုတိယညွှန်ကြားရေးမှူးများ၊ ဦးစီးရုံးချုပ်၊ ခရိုင် နှင့် မြို့နယ်သစ်တောဦးစီးဌာနများမှ အရာထမ်း သင်တန်းသား/ သူများ တက်ရောက်ကြပါသည်။

date: 
Friday, February 22, 2019 - 11:00