တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့နှင့်ဇီကျန်းပြည်နယ်များသို့သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန်ချစ်ကြည်ရေးခရီးသွားရောက္

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည်၂၀၁၉ခုနှစ်၊ဧပြီလ၁၃ရက်နေ့တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာခဲ့ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီးဆက်လက်ထွက်ခွာခဲ့ရာဟန်ကျိုးလေဆိပ်သို့ည၉:၅၀နာရီအချိန်တွင်ဆိုက်ရောက်ခဲ့ကာဟန်ကျိုးလေဆိပ်မှတစ်ဆင့်ချင်းဒေါင်(Qiandao) မြို့သို့ရောက်ရှိခဲ့ပါသည်။
၁၄-၄-၂၀၁၉ရက်နေ့တွင်ချင်းဒေါင်ရေကန်ကြီးသို့မော်တော်ယာဉ်ဖြင့်သွားရောက်ခဲ့ပြီးချင်းဒေါင်ငါးပြတိုက်တွင်လေ့လာခဲ့ပါသည်။အဆိုပါငါးပြတိုက်တွင်ချင်းဒေါင်ရေကန်အတွင်းရှိငါးမျိုးပေါင်း၁၄၀ကျော်ကိုပြသထားပြီးငါးမွေးမြူခြင်းဆိုင်ရာသမိုင်းကြောင်း၊ယဉ်ကျေးမှု၊စီးပွားဖြစ်ငါးမွေးမြူခြင််းနှင့်သုတေသနလုပ်ငန်းများကိုပြသထားပါသည်။ထို့နောက်ချင်းဒေါင်ရေကန်အတွင်းရေယာဉ်များဖြင့်လှည့်လည်ကြည့်ရှုကြပါသည်။ရေကန်အတွင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ငါးမွေးမြူရေးလုပ်ငန်းများကိုတာဝန်ရှိသူများကရှင်းလင်းပြသပြီးပြည်ထောင်စုဝန်ကြီးကသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ချင်းဒေါင်ရေကန်ကြီးသည်မူလကရေပမာဏအနည်းငယ်သာရှိသော်လည်း၁၉၅၇ခုနှစ်တွင်ဆည်တာတမံတည်ဆောက်ပြီးရေများသိုလှောင်ခဲ့သဖြင့်ကန်အကျယ်မှာ၅၇၃စတုရန်းကီလိုမီတာရှိလာပြီးကန်အောက်ပိုင်းဒေသများတွင်ရေကြီးရေလျှံမှုမရှိတော့ဘဲဒေသခံများအတွက်ငါးမွေးမြူခြင်း၊ခရီးသွားလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်လာခြင်း၊ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိလာပါသည်။ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ရေကန်အတွင်းရှိတောင်ကုန်းထိပ်ပေါ်သို့ Cable Car များဖြင့်တက်ရောက်ကြည့်ရှုခဲ့ပြီးကန်အတွင်းရှိငါးမွေးမြူရေးလုပ်ငန်းများအားလှည့်လည်ကြည့်ရှုခဲ့ပါသည်။ချင်းဒေါင်ရေကန်ကြီးအတွင်းမှတစ်နှစ်လျှင်ငါးတန်ချိန်၅၀၀၀ခန့်ထုတ်လုပ်နိုင်ကြောင်းသိရှိရပါသည်။
ထို့နောက်ရေကန်အတွင်းမှဇီအန်းကျန်ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံသို့သွားရောက်လေ့လာခဲ့ရာတာဝန်ရှိသူများမှကြိုဆိုခဲ့ကြပြီးစက်ရုံအတွင်းရေအားလျှပ်စစ်ထုတ်လုပ်ပုံအဆင့်ဆင့်ကိုရှင်းလင်းပြသခဲ့ပါသည်။ဇီအန်းကျန်ရေအားလျှပ်စစ်စီမံကိန်းကို၁၉၅၇ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပါသည်။အမြင့်၁၀၅မီတာရှိပြီး၄၂၂မီတာအရှည်တာတမံတစ်ခုကိုတည်ဆောက်ထားပါသည်။ရေအားဖြင့်လည်ပတ်သည့်ဂျင်နရေတာ၉လုံးတပ်ဆင်ထားပြီးနေ့စဉ်လျှပ်စစ်ဓာတ်အား၈၅၀ကီလိုဝပ်ထုတ်လုပ်ကြောင်းသိရှိရပါသည်။ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းသည်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေပြီးသန့်ရှင်းသောစွမ်းအင်အဖြစ်ရရှိနိုင်သည်သာမကရေသိုလှောင်ထားသည့်ကန်အတွင်းငါးမွေးမြူခြင်း၊သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ်ကန်အတွင်းလည်ပတ်ခြင်း၊အပန်းဖြေအနားယူခြင်း၊ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေခြင်းစသည့်အကျိုးကျေးဇူးများရရှိစေနိုင်ကြောင်းသိရှိရပါသည်။
ညနေပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ချင်းဒေါင်မြို့မှအမြန်ရထားဖြင့်ထွက်ခွာခဲ့ရာပေကျင်းမြို့သို့ည၁၁:၃၀နာရီတွင်ရောက်ရှိခဲ့ပါသည်။
၁၅-၄-၂၀၁၉ရက်နေ့နံနက်၉:၃၀နာရီတွင်ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည်ဘေဂျင်းမြို့ State Power Investment Corporation-SPIC ရုံးချုပ်သို့ရောက်ရှိပြီးဥက္ကဋ္ဌမစ္စတာဂျန်ယီ Mr. Jiang Yi ဦးဆောင်သည့်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီးမြန်မာနိုင်ငံတွင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်ရေအားလျှပ်စစ်စီမံကိန်းများနှင့်ပတ်သက်သည့်ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့်ဧရာဝတီမြစ်ဝှမ်းအတွင်းလေ့လာသုတေသနပြုမှုများ၊တရုတ်နိုင်ငံ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒ၊ဥပဒေ၊လုပ်ထုံးလုပ်နည်းများ၊တရုတ်နိုင်ငံအတွင်းရေအားလျှပ်စစ်စီမံကိန်းများအကောင်အထည်ဖော်မှု၊ခေတ်မီနည်းစနစ်များဖြင့်ရေစွမ်းအင်၊နေရောင်ခြည်စွမ်းအင်နှင့်လေစွမ်းအင်ထုတ်လုပ်မှု၊ပတ်ဝန်းကျင်နှင့်လူမှုစီပွားရေးအပေါ်သက်ရောက်မှုများအပေါ်ဆန်းစစ်ချက်များ၊သန့်ရှင်းသောစွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးမှမြန်မာနိုင်ငံ၏ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ၊ဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်သယံဇာတများစီမံအုပ်ချုပ်မှုစနစ်၊မြစ်ချောင်းများဂေဟစနစ်ကောင်းမွန်စေရေးဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများ၊နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအားရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက်၁၅-၄-၂၀၁၉ရက်နေ့နေ့လည်ပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည်ပေကျင်းမြို့ရှိနော်ရင်ဂို (NORINCO) ကုမ္ပဏီသို့ရောက်ရှိကြရာကုမ္ပဏီမှတာဝန်ရှိသူများကကြိုဆိုကြပြီးပြခန်းအတွင်းလိုက်လံပြသရှင်းလင်းပြောကြားခဲ့ရာပြည်ထောင်စုဝန်ကြီးမှသိရှိလိုသည်များအားမေးမြန်းဆွေးနွေးခဲ့ပါသည်။ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်ကုမ္ပဏီဥက္ကဌနှင့်တာဝန်ရှိသူများသည်မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်လျက်ရှိသောကြေးနီထုတ်လုပ်ရေးစီမံကိန်းများနှင့်ပတ်သက်၍ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ဒေသခံပြည်သူများအလုပ်အကိုင်ရရှိရေးအစီအမံများကိုဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ညနေပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်ကိုယ်စားလှယ်အဖွဲ့သည်ပေကျင်းမြို့ရှိChina Nonferrous Metal Mining (Group) သတ္တုတူးဖော်ရေးကုမ္ပဏီရုံးချုပ်သို့ရောက်ရှိပြီးကုမ္ပဏီမှတာဝန်ရှိသူများကမြန်မာနိုင်ငံတကောင်းတောင်နီကယ်စီမံကိန်းဆောင်ရွက်အကောင်အထည်ဖော်မှုများ၊ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကသိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ပြီးကုမ္ပဏီတာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ထို့နောက်ကုမ္ပဏီရုံးအတွင်းကုမ္ပဏီ၏ပြခန်းအားလိုက်လံရှင်းလင်းပြသခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်၁၆-၄-၂၀၁၉ရက်နေ့နံနက်ပိုင်းတွင်ပေကျင်းမြို့ရှိတရုတ်နိုင်ငံအစိုးရအမျိုးသားသစ်တောနှင့်မြက်ခင်းစီမံအုပ်ချုပ်မှုအဖွဲ့ (National Forestry and Grassland Administration-NFGA) ရုံးချုပ်သို့ရောက်ရှိရာတွဲဖက်အုပ်ချုပ်ရေးမှူးဒုတိယဝန်ကြီးမစ္စတာပန်ယုဒေါင် Mr. Peng Youdong နှင့်သစ်တောနှင့်အမျိုးသားဥယျာဉ်ဌာနတို့မှတာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီးမြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြားနားလည်မှုစာချွန်လွှာရေးထိုးပြီးပူးပေါင်းဆောင်ရွက်လျက်ရှိသည့်သစ်တောကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ၊တရားမဝင်သစ်ကုန်သွယ်မှုတားဆီးရေး၊နှစ်နိုင်ငံနယ်စပ်ရှိသစ်တောများထိန်းသိမ်းရေးနှင့်တောမီးကာကွယ်ရေး၊ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးပူးပေါင်းဆောင်ရွက်နိုင်မှုအလားအလာများ၊တရားဝင်သစ်ကုန်သွယ်မှုနှင့်သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊နည်းပညာပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များ၊ဝါးနှင့်ကြိမ်သုတေသနဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုများ၊အာရှပစိဖိတ်ဒေသသစ်တောကွန်ယက်အဖွဲ့လုပ်ငန်းစဉ်များ၊တရုတ်မြန်မာစီးပွားရေးစင်္ကြန်အစီအစဉ်တွင်ဂေဟစနစ်ထိန်းသိမ်းရေးသစ်တောများနှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးအမျိုးသားဥယျာဉ်များတည်ထောင်ခြင်း၊သစ်အခြေခံစက်မှုဇုန်များတည်ထောင်ခြင်းလုပ်ငန်းများကိုဆွေးနွေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင်တရုတ်နိုင်ငံအစိုးရလက်အောက်ရှိသစ်တောရေးရာကော်ပိုရေးရှင်း (China Forestry Group Cooperation-CFGC) မှအထွေထွေမန်နေဂျာမစ္စတာဆုမ်ကွမ်းလီ Mr. Song Quan Li နှင့်တာဝန်ရှိသူများအားတွေ့ဆုံ၍သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့်သစ်နှင့်သစ်တောထွက်ပစ္စည်းများတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊သစ်အခြေခံစက်မှုနှင့်ကုန်သွယ်မှုဇုန်တည်ထောင်ခြင်းလုပ်ငန်းစဉ်တို့ကိုဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
၁၁။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်၁၇-၄-၂၀၁၉ရက်နေ့ညနေပိုင်းတွင်ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာခဲ့ရာရန်ကုန်အပြည်အပြည်ဆိုင်ရာလေဆိပ်သို့ညပိုင်းတွင်ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

date: 
Friday, April 19, 2019 - 11:45