ပန်းတောင်းမြို့နယ်၊ ရပ်သာရွာအနီးအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်ဖြင့် ၁၈-၄-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရပ်သာရွာ၏အရှေ့မြောက်ဘက်(၂)မိုင်ခန့် အကွာနေရာမှ တရားမဝင်ကျွန်းခွဲသား (၅၉)ချောင်း (၆.၂၁၅၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, April 19, 2019 - 16:00