တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ စမ်းရွာကျေးရွာ၏ အနောက် မြောက်ဘက်တွင် တရားမဝင်သစ် ဘိုင်/သစ်နီ/တောင်သရက်/ရေမနေ/ဂွေး/ဖက်ဝန်း/ ဇင်ပြွန်း/ မျောက်ချော/ကောင်းမှု/လုံးပတ်(၃)ပေ အောက်တောင်သရက်/ဘိုင်ရောင်ခြမ်း(၁၁၈) လုံး/ချောင်း (၃၂.၁၂၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 23, 2019 - 16:00