အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းတံခါးချပ်/ပြူတင်းပေါက်များဖမ်းဆီးရမိ

၁၇-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စ.ရ.ဖ(တပခ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၅၅/၅) နေရာတွင် မော်တော်ယာဉ်အမှတ်(5H/3499) HYUNDAI PORTER II ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါး/ပြူတင်းပေါက်/မှန်လည်(၈၀) ချပ် (၀.၅၀၇၀)တန်အား တရားခံ(၁)ဦးနှင့် အတူ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, June 19, 2019 - 10:30