အင်းတော်မြို့နယ်အတွင်း ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိ

၁၇-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ နတ်ရေတွင်း အုပ်ချုပ်ရေးအဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ ပါအော့ရွာ အနောက်(၁)မိုင်ခွွဲခန့်အကွာတွင် မော်တော်ယာဉ်အမှတ်(YGN)2k-3508 ဖူဆို(၁၂)ဘီး ၊(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/(၃)ပေအောက်ကျွန်းသစ် (၆၂) လုံး (၇.၇၅၂၀)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, June 20, 2019 - 12:45