ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းတံခါးချပ်များဖမ်းဆီးရမိ

၁၈-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ၊ ရွာတွင်းလမ်း၊ ဈေးတန်း(၁)ရပ်ကွက်တွင် မော်တော်ယာဉ်အမှတ်(MDY 7P/3961) MITSUBUSHI Canter (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါးရွက်ဆိုဒ်စုံ (၁၁၀)ချပ်(၁.၂၁၆၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 20, 2019 - 12:45