ကောလင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် တမလန်းခွဲသားများ ဖမ်းဆီးရမိ

၂၁-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ဂွေးတောက်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ခေါတောကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ ကောလင်း-ဥက္ကံသွားလမ်းဘေးတွင် သရီးကဒေါင်း (၆)ဘီးယာဉ် အစိမ်းရောင် (ယာဉ်အမှတ်မပါ) ယာဉ်(၁)စီး ပေါ်မှ တရားမဝင် တမလန်းခွဲသား (၂၂)ချောင်း (၅.၁၂၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, August 22, 2019 - 14:45