မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ပထမအကြိမ်အစည်းအဝေးကျင်းပ

မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးအား သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ၁၇-၁၀-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒေါက်တာဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီး ဌာနမှ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ကို မြေအသုံး ချမှုစီမံအုပ်ချုပ်ရေးကိစ္စများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ဥပဒေနှင့် ပညာရပ်ဆိုင်ရာ အကြံဉာဏ်များပေးနိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ ကျယ်ပြန့်သော်လည်း မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ထီးရိပ်ဥပဒေဖြစ်သည့်အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် ဥပဒေများသဟဇာတဖြစ်စေရေးအတွက် အကြံဉာဏ်နည်းပညာပံ့ပိုးခြင်းအပါအဝင် အခြားဦးစားပေး ဆောင်ရွက်သင့်သော လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားပါသည်။
မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အတွင်းရေးမှူး၊ ဦးကျော်ကျော်လွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာနမှ အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းဆောင် ရွက်နေမှုများနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို အဆိုပြုရှင်းလင်းတင်ပြရာ တက်ရောက်သူများမှ အကြံပြုဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအရာရှိများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်သူ လယ်သမားကိုယ်စားလှယ်များတက်ရောက်ကြပါသည်။
မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်၊ ဒေါက်တာဝါဝါမောင် ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီးဌာနမှ အစည်းအဝေးက ရရှိသည့် ရလဒ်များကို အမျိုးသား မြေအသုံးချမှုကောင်စီသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြား ၍ အစည်းအဝေးကို (၁၂:၃၀) နာရီတွင် ပြီးစီးပါသည်။

date: 
Friday, October 18, 2019 - 13:00