ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၁-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၃)လမ်း၊ ဒေါနလမ်းပေါ်တွင် မော်တော်ယာဉ်အမှတ် (6P/4189) Forland (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကညင်ခွဲသား (၅၈)ချောင်း (၅.၉၀၄၆)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, January 23, 2020 - 13:00