အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းနှင့် ဖြူးကွန်းကြိုးဝိုင်းတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၉၊ ၇၂၊ ၇၃)နှင့် ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ်(၃၃)အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား/ခွဲခြမ်း(၉၀)လုံး/ချောင်း/ခြမ်း (၁၃.၈၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00