ပန်းတောင်းမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရတနာပုံရပ်ကွက်၊ ယင်းမာ(၁)လမ်း၊ ဥသျှစ်ပင်မြို့တွင် မော်တော်ယာဉ်အမှတ်၊ (၉ခ/၇၀၀၈) Nissan Diesel UD (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၉၀)ချောင်း (၁၃.၀၉၀၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံအားများ စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 3, 2020 - 10:00