အောင်လံမြို့နယ်၊ အင်းလယ်ရွာမနှင့် ကန်သာယာကြားအနီးတွင် ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ အင်းလယ်ရွာမနှင့် ကန်သာယာကြားနေရာ၌ ယာဉ်အမှတ်၊ 9I/5423(ဖောကား၊ အနီရောင်)ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၃၉)ချောင်း (၃.၇၅၅၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 10:00