ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာမြောက်ဘက် ဒေသအခေါ် ကျွဲသေကွင်း၊ ငမြကွင်းတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ပဲခူးမြို့နယ်၊ အဆိပ်တောင်ကျေးရွာမြောက်ဘက် ဒေသအခေါ် (ကျွဲသေကွင်း)(ငမြကွင်း)နေရာ၌ တရားမဝင် ကောင်းမှု/ကညင်/တောင်သရက်ခွဲသား(၉၇)ချောင်း (၁၅.၉၀၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 10:00