မင်းကင်းမြို့နယ်၊ ရုံးတောင်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ သမ္ဘရာရွာ၏ အရှေ့မြောက်ဘက်(၂.၅)မိုင်ခန့်အကွာ၊ ရုံးတောင်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် ပျဉ်းကတိုး/အင်/သရက်သစ်(၂၀)လုံး (၅.၇၇၆၀)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 7, 2020 - 10:00