မြိုင်မြို့နယ်အတွင်း မော်တော်ယာဉ်/ဆိုင်ကယ်(၂)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာတာဝန်ခံအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ ကုန်းဘလူကျေးရွာ၏အနောက်ဘက်(၄)ဖာလုံခန့်အကွာ၊ ထွန်းမြရတနာလမ်းမှ မော်တော်ယာဉ် အမှတ် (MDY 4B/3081) Toyota Dyna (၆)ဘီး(၁)စီးနှင့် ဆိုင်ကယ်အမှတ်AZB ယာယီ 95047 Dayang ယာဉ်(၁)စီးတို့ပေါ်မှ တရားမဝင် ပျဉ်းကတိုး/အင်ကြင်းခွဲသား(၆၇)ချောင်း (၃.၃၉၁၂) တန်အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, April 21, 2020 - 10:30