ကျောက်တံခါးမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအကွက် အမှတ်(၉၄)၊ ဒေသအခေါ် ပိတောက်ကုန်း၊ မြို့ချောင်းရွာမှ ရေပိုလွှဲသွားလမ်းဘေးနှင့် ဒညင်းကုန်း ဘုန်းကြီးကျောင်း အရှေ့ဘက်(၁)ဖာလုံခန့်အကွာလယ်ကွင်းစပ်နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ ခွဲသား (၁၁၁)ချောင်း (၅.၀၁၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 10:30