သာပေါင်းမြို့နယ်ရှိ ကျေးရွာများနှင့်ငဝန်မြစ်ကမ်းဘေးနေရာများမှ တရားမဝင်သစ် များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၇-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သာပေါင်းမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြာကန်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ညောင်ကွင်းကျေးရွာနှင့် သရက်ကုန်းကျေးရွာအနီးပတ်ဝန်းကျင်များနှင့် ငဝန်မြစ်ကမ်းဘေးနေရာများမှ တရားမဝင် အခြားသစ်လုံး/ခွဲသား (၆၆.၃၂၃၀) တန်၊ လုံးပတ်(၃)ပေအောက် (၀.၇၇၂၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:00