ကလေးဝမြို့နယ်အတွင်း စက်လှေ(၄)စီးနှင့်အတူ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

(၈.၄.၂၀၂၀)ရက်နေ့တွင် ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါဝန်ထမ်းများ၊ ကလေးဝ မြို့လွှတ်တော်ကိုယ်စားလှယ်များရုံးမှ ဦးနေညီထွဋ်အောင်ပါ(၂)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံသစ်တောရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြစ်သာမြစ်အတွင်း (၂၀:၁၅)နာရီအချိန်တွင် တရားမဝင် အင်သစ်ခွဲသား(၆၀)ချောင်း (၃.၄၈၂၀)တန် တင်ဆောင်ထားသော စက်လှေငယ်(၂)စီး၊ (၂၀:၃၅)နာရီ အချိန်တွင် တရားမဝင် အင်သစ်ခွဲသား(၄၇)ချောင်း (၂.၈၈၄၈)တန် တင်ဆောင်ထားသော စက်လှေ ငယ်(၂)စီး၊ စုစုပေါင်း စက်လှေ(၄)စီးနှင့် တရားမဝင်အင်ခွဲသား (၁၀၇)ချောင်း (၆.၃၆၆၈)တန် ဖမ်းဆီးရမိပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:15