မင်းကင်းမြို့နယ်၊ ကြွေရွာနှင့်မြောက်ချွန်းရွာအနီးပတ်ဝန်းကျင်နေရာများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မင်းကင်းမြို့နယ်၊ ကြွေရွာ၏ မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ရသာချောင်းဘေးနေရာနှင့် မြောက်ချွန်းရွာ၏အရှေ့မြောက်ဘက် (၃)မိုင်ခန့် အကွာနေရာများမှ ကျွန်း၊ သရက်၊ အင်သစ် (၂၅)လုံး (၇.၇၆၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:15