လှည်းကူးမြို့နယ်အတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုမရှိစေရေးကင်းလှည့်စစ်ဆေးခြင်းနှင့် တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းများဆောင်ရွက်

၁၀-၄-၂၀၂၀ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့်အတူ တောဆင်ရိုင်းများအား သတ်ဖြတ်ခံရမှုမရှိစေရေး ကင်းလှည့်စစ်ဆေးစဉ် ပေါင်းလင်းကြိုးဝိုင်းအကွက်အမှတ်(၇၃)သရက်ခေါက်ပင်စခန်းအနီးတွင် အခြားခွဲသား(သပြေ ၊တောင်သင်္ဘော)(၈၀)ချောင်း(၃.၁၅၂၂)တန်အား ရှာဖွေဖောထုတ်ဖမ်းဆီးရမိခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်အောက်ရှိခလရ(၈၂) မှ ဗိုလ်ကြီး ကောင်းမြတ်ဟိန်းနှင့်အတူ တရားမဝင်သစ်ဖမ်းဆီးခြင်း ဆက်လက်ဆောင်ရွက်ရာ ပေါင်းလင်းကြိုးဝိုင်းအကွက်အမှတ် (၇၈)တွင် အဆုံလေးစခန်းအနီးတွင် တရားမဝင် ပျဉ်းကတိုးခွဲသား(၁၀)ချောင်း(၀.၃၂၉၂ )တန်အားလည်းကောင်း၊ ပေါင်းလင်းကြိုးဝိုင်းအကွက်အမှတ် (၇၈)ပုတ်သင်ညို လမ်းခွဲအနီးတွင် အခြားခွဲသား ဆိုဒ်စုံအချောင်း(၁၀၀)ကျော် ခန့်မှန်းတန်(၆)တန်ခန့်အားလည်းကောင်း၊ ဖောင်ကြီးအရှေ့ ပန်းတောကုန်းကျေးရွာ အရှေ့ဘက် လယ်ကွင်းအစပ်မှ အခြားခွဲသား(၈၀)ချောင်း(၄)တန်ခန့် ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Tuesday, April 21, 2020 - 11:30