ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာဆိပ်ကမ်းတွင် တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်ေတာထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်ဖြင့် ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာဆိပ်ကမ်းနေရာတွင်သဲများဖြင့်ဖုံးအုပ်ထားသောတရားမဝင်ကျွန်းခွဲသား(၆၀) ချောင်း(၂.၁၂၁၆) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, April 21, 2020 - 11:30