ပင်လောင်းမြို့နယ်၊ ကံလှရွာအရှေ့ဘက် အနီးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၀-၄-၂၀၂၀ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ကလောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပင်လောင်းမြို့နယ်၊ ကံလှရွာအရှေ့ဘက်(ပေါင်းလောင်းချောင်းအနီး) တွင် တရားမဝင်ကညင်ခွဲသား(၂၈၄) ချောင်း (၄.၇၂၁၈)တန်၊ သတီခွဲသား(၂၅)ချောင်း (၁.၅၁၆၀)တန် စုစုပေါင်း (၃၀၉)ချောင်း (၆. ၂၃၇၈)တန်တို့အား ပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသစ်များအား လိန်းလီဘိနယ်စခန်းတွင်သိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 13:00