ဂန့်ဂေါမြို့နယ်၊ ကျောတိုးချဲ့(၂)ကြိုးဝိုင်း၊အကွက်အမှတ်(၄၃)အတွင်း မော်တော်ဆိုင်ကယ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ (၁၁. ၄. ၂၀၂၀)ရက်နေ့တွင်မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်
သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျောရဲကင်းစခန်းမှူးပါ ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်အတွင်းနယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ကျောတိုးချဲ့(၂)ကြိုးဝိုင်း၊အကွက်အမှတ်(၄၃)အတွင်း တရားမဝင်ပျဥ်းကတိုးခွဲသား(၁)ချောင်း၊(၀.၀၃၅၀)တန်၊သစ်ယာခွဲသား(၂)ချောင်း၊(၀.၀၆၂၄)တန်၊အင်ကြင်းခွဲသား(၂)ချောင်း၊(၀.၀၁၈၈)တန်၊သပြေခွဲသား(၅)ချောင်း၊(၀.၀၃၂၄)တန် စုစုပေါင်း (၀.၁၄၈၆)တန်နှင့် အဆိုပါနေရာနှင့်(၂၁၀)ပေခန့်အကွာတွင်HERO, ANBO(125)၊နံပါတ်ပြားမပါ၊နက်+နီရောင် မော်တော်ဆိုင်ကယ်(၁)စီးအားပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 13:15