မြန်အောင်မြို့နယ်အတွင်းတရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၁-၄-၂၀၂ဝ ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော၀န်ထမ်းများအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်းအကွက်အမှတ်(၇၃)အတွင်းမှ တရားမဝင်အခြား သစ်လုံး (၁၃)လုံး(၄.၃၇၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး မျှင်ဝါးတောင် ဘိနယ် သစ်တောစခန်းသို့ သယ်ယူသိမ်းဆည်း၍ ဆက်စပ်ပတ်သက်သော တရာခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 13:15