ရွှေဘိုခရိုင်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိမှု

၉-၄-၂၀ ၂၀၂၀ ရက်နေ့မှ ၁၀-၄-၂၀၂၀ ရက်နေ့ထိရွှေဘိုခရိုင်လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောရဲအပါအဝင် ခရိုင်နှင့် မြို့နယ်မှ သစ်တောဝန်ထမ်းများမှ တန့်ဆည်မြို့နယ်အတွင်းရှိပကာရွာ၊အိုက်မရွာ၊ခေါင်ယာရွာအတွင်းနှင့်ရွာမုံတောင်ကြိုးပြင်ကာကွယ်တော၊ပေါင်ကတောင်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်ရှာဖွေခဲ့ရာ၆ဘီးကား၁စီး၊တုန်ဖုန်းကား၂စီး၊ သစ်စက် ၃လုံးနှင့်သစ်မျိုးစုံစုစုပေါင်း(၂၁၄၉)ချောင်း(၅၆.၇၈၀၈) တန်၊အင်မျော(၂၅၅ )လုံး၊သစ်စက်အင်ဂျင်(၃ )လုံးနှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ(၈ )ဦးကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိခဲ့ပါသည်။
ပိုင်ရှင်မပေါ်ပေါက်သည့်အမှုများကိုလည်းဆက်လက် စုံစမ်းဖော်ထုတ်နိုင်ရန်အတွက် တိုင်ချက်ဖွင့်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, April 23, 2020 - 14:15