တန့်ဆည်မြို့နယ်၊ ပေါင်ကတောင်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်နှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၃-၄-၂၀၂၀) ရက်နေ့ (၁၁:၀၅)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်
မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တန့်ဆည်မြို့နယ်၊
ပေါင်ကတောင်ကြိုးဝိုင်းအကွက်အမှတ်(၂၉)အတွင်း တရားမဝင်သစ်စက်( ၁)လုံးနှင့်အတူ အင်သစ်ခွဲသား (၄၄)ချောင်း (၀.၂၈၀၀)တန်၊ သစ်စက်ဆက်စပ်ပစ္စည်းများ၊ဆက်လက်၍ (၁၄:၃၀)နာရီအချိန်တွင် ဆက်စပ်ဧရိယာအနီးဝန်းကျင်နေရာများအား ရှင်းလင်းဆောင်ရွက်ရာသစ်စက်(၁ )လုံးနှင့်အတူ အင်သစ်ခွဲသား(၅၄)ချောင်း (၀.၃၅၈၈)တန်၊သစ်စက် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအား နဘက်ကြီးဘိနယ်စခန်းသို့သယ်ယူသိမ်းဆည်းခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 11:00