ရမည်းသင်းမြို့နယ်၊ ကင်းကျေးရွာအနီးတွင် တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၃-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရမည်းသင်းမြို့နယ်၊ ကင်းကျေးရွာ၏အနောက်မြောက်ဘက်နေရာ၌တရာမဝင်သစ်ယားသစ်(၅)လုံး (၁.၁၁၄)တန် သစ်ယားခွဲခြမ်း(၇)ခြမ်း(၁.၅၅၀)တန်သစ်ယားခွဲသား (၁၀၈)ချောင်း(၁.၉၃၄၀)တန် စုစုပေါင်း(၁၂၀) လုံး/ခြမ်း/ချောင်း(၄.၅၉၈၀)တန်ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ (၁၁:၀၀) နာရီတွင်ကင်းကျေးရွာ၏အနောက်မြောက်ဘက်နေရာ၌တရားမဝင်သစ်ယားသစ် (၁၅)လုံး (၆.၀၆၄)တန် သစ်ယားခွဲခြမ်း(၇)ခြမ်း(၃.၈၈၆)တန် စုစုပေါင်း (၂၂)လုံး/ခြမ်း(၉.၉၅၀)တန်ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 11:00