နောင်ချိုမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၄-၂၀၂၀ ရက်နေ့ နေ့လည်(၁၂:၂၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နောင်ချိုမြို့နယ်၊ အနောက်ကျုအင်းအုပ်စု၊ နောင်သခေါရွာအနောက်မြောက်(၁)မိုင်ခန့်အကွာ တောတွင်းမှ လက်ပံ/တောင်တမာ/ယမနေ/ သစ်ယားသစ် (၂၇)လုံး (၈.၄၆၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့်သစ်များအား ဘန့်ဘွေးဘိနယ်ပျိုးဥယျာဉ်အတွင်း သယ်ယူပြီးဖြစ်ပါသည်။ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 11:15