ရပ်စောက်မြို့နယ်၊ နန်းဟူးကျေးရွာအနီးတရားမဝင်သစ်များဖမ်းဆီးရမိ

(၁၄.၄.၂၀၂၀)ရက်နေ့ (၁၃:၃၀) တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရပ်စောက်မြို့နယ်၊ နန်းဟူးကျေးရွာအရှေ့မြောက်ဘက် (၁.၅) မိုင်ခန့်အကွာ(ကျိုင်းခမ်း-ပုံကြီး-နန်းဟူး-ညောင်ပင်သာသွားလမ်းဘေး) ၌ အင်သစ်လုံးနှင့်
(၃)ပေအောက်အင်သစ်လုံး စုစုပေါင်း (၂၃) လုံး
(၂.၀၈၈)တန်အား ပိုင်ရှင်မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပြီးထင်းကွင်းဘိနယ်စခန်းသို့သယ်ယူလျက်ရှိပြီး ဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 11:15