ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၄-၄-၂၀၂၀)ရက်နေ့(၁၆:၄၅) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်း ကားလမ်းမိုင်တိုင်အမှတ်(၅၂/၁ )မှလမ်းဘယ်ဘက်သို့(၁)မိုင်ခန့် အကွာ၊ရဲနွယ်ကြိုးဝိုင်း၊ အကွက်(၇၉)၊ဒေသအခေါ်( ၁၉)မိုင်ရဲနွယ်ဆည်ရေဆိပ်နေရာ တွင်ပျဉ်းကတိုးခွဲသား(၅၆)ချောင်း(၂.၄၈၂၆)တန်အားဖမ်းဆီးစဉ်ပိုင်ရှင်မတွေ့ ဖမ်းဆီးရမိပြီးလုံခြုံရာမြို့ချောင်းကယားဖူးသစ်တောစခန်းသို့သယ်ယူပြီး ဆက်စပ်တရားခံများအား ကှာဖွေဖော်ထုတ်၍ ဒေနှင့်အညီထိကောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 11:15