သင်္ကြန်ကာလစစ်ကြောင်းစီမံချက်အရ တောင်ငူမြို့နယ်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၈-၄-၂၀၂၀ ရက်နေ့မှ ၁၄-၄-၂၀၂၀ ရက်နေ့အထိ အမှတ်(၉၁၁)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီး နောင်နောင်ထွန်း ဦးစီး အဖွဲ့နှင့် တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ပန်းဘဲတိုးချဲ့ကြိုးဝိုင်းနှင့် ခပေါင်းကြိုးဝိုင်းအတွင်း မှ တရားမဝင် ကျွန်းသစ်လုံး/ခွဲခြမ်း (၂၂)လုံး/ခြမ်း (၈.၂၇၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:15