မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာ၏အရှေ့မြောက်(၈)မိုင်ခန့်အကွာမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၄-၂၀၂၀ ရက်နေ့တွင် မဘိမ်းမြို့နယ်၊ နယ်မြေလုံခြုံရေးတပ်စု(၁)မှ တပ်ကြပ်ကြီး သိန်းမင်းဇော် ဦးစီး စစ်ကြောင်းအဖွဲ့မှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ ခေါတောကျေး ရွာ၏ အရှေ့မြောက်ဘက် (၈)မိုင်ခန့်နေရာမှ တရားမဝင်သစ်လုံး (၁၀၁)လုံး (၁၄.၀၁၉၀)တန်အား ယာဉ်(၂)စီး၊ တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:30