မော်လမြိုင်မြို့နယ်၊ ကော့နှပ်ကျေးရွာအနီး၊ သံလွင်မြစ်ကမ်းဘေးတွင်တရားမဝင်သစ်များဖမ်းဆီးရမိ

(၁၇-၄-၂၀၂၀)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်မြို့နယ်၊ ကော့နှပ်ကျေးရွာအနီး၊ သံလွင်မြစ်ကမ်းဘေးနေရာ၌ တရားမဝင်အောက်ချင်းစာ/ ဘိုင်/ဘုံမဲဇာ/ခမိုင်သစ်(၁၀)လုံး(၅.၀၀၂၄) တန်အား ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသစ်များအား လုံခြုံရာသို့သယ်ယူသိမ်းဆည်းထားပါကြောင်းနှင့် ဖမ်းဆီးရမိသစ်များ၏ ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 13:30