ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအနီးတွင်တရားမဝင်သစ်များဖမ်းဆီးရမိ

၁၈-၄-၂၀၂၀ ရက်နေ့ (၁၁:၃၀) နာရီခန့်တွင်ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်သစ်တောဥဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စရဖ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလအတွင်းတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက် အ ကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ဒီမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအရှေ့တောင်ဖက် (၂) မိုင်ခန့်အကွာနေရာတွင် တရားမဝင်ကျွန်းသစ် (၂၄) လုံး(၂.၈၀၈) တန် (၃)ပေအောက်ကျွန်းသစ် (၂၅) လုံး (၁.၈၀၆) တန်၊ ပျဥ်းကတိုးသစ် (၂)လုံး(၀.၂၁၄) တန်(၃)ပေ အောက်ပျဥ်းကတိုးသစ် (၅) လုံး(၀.၃၀၈)တန် အင်သစ်(၃) လုံး(၀.၆၁၆)တန် (၃)ပေအောက်အင်သစ် (၁၄) လုံး(၁.၅၂၈)တန် စုစုပေါင်း (၇.၂၈၀)တန်အားဖမ်းဆီး ဖမ်းဆီးရမိခဲ့ပြီးဖမ်းဆီးရမိသစ်များအားဒီမော့ဆိုမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးသို့သယ်ယူပြီးဖြစ်ပါကြောင်းနှင့်သစ်ပိုင်ရှင်အားစုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ပါသည်။

date: 
Friday, April 24, 2020 - 13:30