လက်ပံတန်းမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း လက်ပံတန်း မြို့နယ်၊ ကဒင်ဘီးလင်းကြိုးဝိုင်းအကွက်အမှတ်(၆၈)နေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/နဘဲ/ချဉ်ယုတ်/ ရုံး/လုံးပတ်၃ပေအောက်ကျွန်းသစ် (၃၀)လုံး (၅.၆၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, April 24, 2020 - 13:45